Saturday, January 17, 2015

Coolpad 5109 Network error ရှင်းနည်း

ကျွန်တော်တို့အခုနောက်ပိုင်းအသုံးများလာသောModel တမျိုးဖြစ်တဲ့ Coolpad 5109
ဟာအသုံးပြုမှု့များလာတာနဲ့အမျှ Network error ဖြစ်လာပါတယ် 1X ပဲတက်ပြီး
3G ပြောက်နေတာပါ လိုင်းတော့တတ်တယ်
ဖုန်းခေါ်မရတာမျိုး မကြာခဏကြုံတွေ့နေရပါတယ်
ကဲစလိုက်ကြအောင်
ကျွန်တော်တို့ဖုန်းကိုဖြုတ်လိုက်ပါ
ဖုန်းရဲ့အောက်ခြေရင်း Battery ငုတ်ရဲ့ နောက်ဖက်မှ သံဖုန်းလေးကိုခွာလိုက်ပါ
အထဲမှာ IC အမဲ အသေးလေးကိုအပူပေးပြီး
ဖြုတ်လိုက်ပါ  အောက်မှခဲလေးတွေ နည်းနည်း
ရှင်းထားပေးလိုက်ပါ   6340 IC အစားထိုး လဲပေးကြည့်ပါ ဖြုတ်တဲ့နေရာမှာ မှတ်ထားဖို့
လိုပါတယ် သေချာလေးတော့အထိုင်ချပေးပါနော်..

ဒီpost လေးကဝါရင့်ဆရာသမားတွေအတွက်တော့ ရယ်စရာဖြစ်နေပေမဲ့ ကျွန်တော်တို့လို နည်းပညာစလေ့လာတဲ့ သူတွေအတွက် ရည်ရွယ်တာပါ
အားလုံးအဆင်ပြေပါစေ.,

Huawei Y320C 1X တက်တဲ.ပြဿ နာ

ဒါလေးကကျွန်တော်ကိုတိုင် အဆင်ပြေလို့ပြန်လည်မျှဝေပေး ထားတာပါ လုပ်နည်းလေးက လွယ်ကူပါတယ်

ခုနောက်ပိုင်း Huawei Y320C မှာ 1x လိုင်းမတက်တဲ့ပြဿနာတွေခနခနဖြစ်တာကိုတွေ့ရပါတယ်
အရင်တုန်းကကျတော့ 73 ကဒ်ထည့်ပြီး ရှင်းလိုက်ရင်ရပါတယ်.ခုဟာက 73 မရှိတဲ့သူတွေ 73 လိုင်းမမိတဲ့သူတွေအတွက်  ဒီပြဿနာကိုလွယ်ကူစွာဖြေရှင်းလို့ရပါပြီ. ပထမဦးဆုံး  mec card ကိုဖုန်းထဲထည့်ပါ..112 ကိုဖုန်းခေါ်ပါ..........  ခေါ်ပြီးရင်ဖုန်းကိုမချဘဲ Home ခလုပ်ကိုနှိပ်ပြီး setting သွားပါ....... ပြီးရင် more ကိုဝင်ပါ. mobile network ကိုရှာပါတွေ့ရင်ဝင်ပါ......
CDMA Network select ထဲဝင်ပါ.. ၀င်ပြီးရင်အရင်ကမှိန်နေတာတွေလင်းနေတာကိုတွေ့ရပါမယ်
empty f ilter network list ကိုနှိပ်လိုက်ပါ... တချို့ကတော့ဒီအဆင့် မှာတင်ရပါပြီ မရသေးရင်တော့
warning စာတန်းတွေထွက်လာတာကိုစောင့်လိုက်ပါ.....         ပြီးရင်ရသွားပါပြီဖုန်းခေါ်ကြည့်လိုက်ပါအဆင်ပြေသွားတာကိုတွေ့ရပါလိမ့်မယ်မရသေးဘူးဆိုရင်ဖုန်း
ကိုပါဝါပိတ်ပြီးနောက်တစ်ခေါက်ထပ်လုပ်ကြည့်ပါ.ရသွားပါ လိမ့်မယ်.

Friday, January 16, 2015

နည်းပညာလောကသားများအားလုံးမင်္ဂလာပါ

အရင်ဆုံး ကျွန်တော့ကို ကျွန်တော်မိတ်ဆက်ပါရစေ ကျွန်တော်သန်းထွဋ်အောင်ပါ နည်းပညာကို အခုမှစလေ့လာတာပါ ဘာမှတော့မသိသေးပါဘူးခင်ဗျာ
senior ဆရာများအားလုံးကိုလေးစားလျက်ပါ
အမှားပါရင်လည်း ပြု ပြင်ပေးစေလိုပါတယ်ခင်ဗျ